Librería Samer Atenea
Librería Aciertas (Toledo)
Kálamo Books
Librería Perelló (Valencia)
Librería Elías (Asturias)
Donde los libros
Librería Kolima (Madrid)
Librería Proteo (Málaga)
'ချစ်သူတို့၊ ဘုရားသခင်သည် ငါတို့ကို ဤမျှလောက် ချစ်တော်မူသည်မှန်လျှင်၊ ငါတို့သည်လည်း အချင်းချင်း ချစ်ရကြမည်။'၁ယော ၄:၁၁သခင်ယေရှုချစ်သောတပည့်တော် ရှင်ယောဟန်က သူရေးသားထားသော ကျမ်းတိုသုံးစောင်တွင် စာဖတ်သူများအား အချင်းချင်း တစ်ယောက်ကိုတစ်ယောက်ချစ်ရန် တစ်ဆယ့်သုံးကြိမ်တိုင်တိုင် အားပေးနှိုးဆော်စာ ရေးထားခဲ့ပါတယ်။'ဘုရားသခင်သည် ငါတို့ကိုရှေ့ဦးစွာ ချစ်တော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင်ကိုချစ်ကြ၏။'၁ယော ၄:၁၉ကျွန်ုပ်တို့တွေ တစ်ယောက်ကိုတစ်ယောက် ချစ်နိုင်ကြတာဟာ ကျွန်ုပ်တို့အတွက် သားတော်ကို ယဇ်အဖြစ်ပေးခဲ့သော ဘုရားသခင်ထံတော်မှရရှိတဲ့ ချစ်ခြင်းမေတ္တာကြောင့်သာ ဖြစ်ပါတယ်။'ပညတ်တော်တို့အတိုင်း ကျင့်စောင့်ခြင်းအရာသည် ချစ်ရာရောက်၏။ သင်တို့သည် ပညတ်တော်နှင့်အညီ ကျင့်မည်အကြောင်း၊ ရှေးဦးစွာကပင် သင်တို့ကြားရသည်အတိုင်း၊ ပညတ်တော်သည် ထိုသို့သော သဘောရှိ၏' ၂ယော ၁:၆ရှင်ယောဟန်သည် ဤကျမ်းစာစောင်များတွင် ချစ်ခြင်းမေတ္တာနှင့်နာခံခြင်း၏ နက်ရှိုင်းသောဆက်စပ်မှုကို ရှင်းပြခဲ့ပါတယ်။ ကနဦးအသင်းတော်များအား ဘုရားသခင်ရဲ့ပညတ်တော်များကို သစ္စာစောင့်သိရန် (သစ္စာရှိရှိနာခံဖို့) အားပေးနှိုးဆော်ခဲ့သည့်နည်းတူ ယခုလက်ရှိကျွန်ုပ်တို့ကိုလည်း ဆက်၍အားပေးနှိုးဆော်ထားပြန်ပါတယ်။ အခြားသူများကိုချစ်ခြင်းအားဖြင့် ကျွန်ုပ်တို့မှတဆင့် ဘုရားသခင်ရဲ့မေတ္တာကို လောကသားတွေမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ချစ်ခြင်းမေတ္တာကိုသိခြင်း ။ ။ ခရစ်တော်၌ယုံကြည်ကြသူများအား ဘုရားသခင်၏မေတ္တာတော်၌ တည်နေရန် တမန်တော်ကြီးရှင်ယောဟန်က လမ်းညွှန်အားပေးထားတာကို ရှင်ယောဟန်ဩဝါဒစာ ပထမစောင်၊ ဒုတိယစောင် နှင့် တတိယစောင်ကို လေ့လာခြင်းအားဖြင့် သိရှိတွေ့မြင်ရမှာဖြစ်ပါတယ